ဒီတစ်ခါ ကျွန်တော်သိသလောက်ထပ်ရေးလိုက်ပါဦးမယ်.. တစ်ခါတစ်လေမှာ connection မကောင်းဘူးဆိုရင် ကိုယ့်ရဲ့ mail ကိုဖွင့်စစ်ရတာ အရမ်းကိုကြာတာ တွေ့ဖူးပါလိမ့်မယ်.. ကျွန်တော်တို့မြန်မြန်လေးနဲ့ အလွယ်တစ်ကူစစ်ရအောင် စမ်းကြည့်ရအောင်.. တစ်ခုတော့သတိထားရပါမယ် ကျွန်တော်တို့ Cyber Cafe တွေမှာသွားသုံးတွေလူတွေအတွက်ကတော့ ပြန်တဲ့အခါတိုင်းမှာ gmail ကိုအောက်သလိုပဲအောက်ခဲ့ဖို့တော့မမေ့ကြ နဲ့နော်... စမ်းကြည့်ကြရအောင်ပါ... https://addons.mozilla.org/en-US/firefox/addon/1320 ဒီ Link ကလေးကနေသွားလိုက်ပါဦး.. သွားလိုက်ရင်တော့ Add On firefox ဆိုတဲ့ခေါင်းစဉ်နဲ့ webpage တစ်ခုပွင့်လာပါလိမ့်မယ်... အဲဒီ webpage မှာ Add on firefox ဆိုတဲ့ အစိမ်းရောင် Link ကလေးကို ကလစ်လိုက်ပါ.. ကျွန်တော်သိသလောက်တော့ firefox နဲ့ netscape navigator browser တွေမှာတင်လို့ရပါတယ်.. တစ်ခြား browser တွေကိုတော့ ကျွန်တော် မစမ်းသပ်မိပါဘူး.. Gmail manager က ကိုယ်သုံးတဲ့ browser မှာ တင်လို့ရပါတယ်.. ကိုယ်သုံးတာက firefox ဆိုရင် firefox ပေါ့ netscape ဆိုရင်လဲ netscape ပေါ... အပေါ်က Link ကလေးကို firefox နဲ့ဖွင့်ရင် firefox မှာ တင်ပေးပြိး netscape နဲ့ဖွင့်ရင်တော့ netscape မှာတင်ပေးပါလိမ့်မယ်.. အဲဒီ Link ကလေးကို ဖွင့်လိုက်ပါ browser တစ်ခုခုနဲ့ပေါ့.. ဖွင့်လိုက်ရင် Add on firefox ဆိုတဲ့အစိမ်းရောင် Link ကလေးကို ကလစ်လိုက်ရင် software installation ဆိုတဲ့နာမည်နဲ့ box တစ်ခုကျလာတာကိုတွေ့ရပါလိမ့်မယ်... အဲဒီမှာ Install ဆိုတာလေးကိုပဲ အပြေးအလွှားလေး ကလစ်လိုက်ပါ စမ်းချင်လှပြီကိုးဗျ... အဲဒီမှာ စက္ကန့်သုံးဆယ်လောက် install လုပ်ပါလိမ့်မယ် လုပ်ပြီးသွားရင်တော့ gmail manager တင်ပြီးသွားပါပြိ... အဲဒါလေးကိုဘယ်လိုသုံးမလဲ.... လွယ်ပါတယ်...
တင်လိုက်တဲ့ browser ရဲ့ status bar ရဲ့ညာဘက်ဆုံးမှာ M ပုံလေးပါပါတယ်... အဲဒါလေးကိုတစ်ချက်ကလစ်လိုက်ပါ.. M လေးက မှိန်မှိန်လေးပါ... အဲဒါလေးကို ကလစ်လိုက်ရင် Gmail Manager Preference Box ပေါ်လာပါလိမ့်မယ်.. အဲဒီလိုပေါ်လာတဲ့အခါမှာ Add ကိုကလစ်လိုက်ပါ.. Email နဲ့ password ကိုရိုက်ထည့်ပြီး OK ဆိုတာလေးကိုကလစ်ပါ.. ကိုယ့်ရဲ့ Email က gmail ဆိုရင် Email နေရာမှာ nl.tzt2@gmail ပေါ့... တစ်ခြား hotmail တို့ sammail တို့ဆိုရင်လဲ (example: naylin46@hotmail.com, naylin46@sammail.com) စသည့်ဖြင့် အပြည့်အစုံရိုက်ထည့်ပေးလိုက်ပါ.. password ကိုတော့ကိုယ်ထည့်လိုက်တဲ့ password ကိုပဲရိုက်ထည့်ရမှာဖြစ်ပါတယ်... Email နဲ့ Password ကိုထည့်ပြိးရင်တော့ OK ကိုကလစ်လိုက်ပါ.. ပြီးရင်. gmail manager preference ဆိုတာကိုပါထပ်ပြီး OK ပေးလိုက်ပါ.. အဲဒီမှာတင်ပဲ Status bar ပေါ်မှာ အ၀ိုင်းလေးကလည်နေပြီး login ၀င်ပါလိမ့်မယ်... gmail ကနေဖွင့်တာထက်စာရင်တာ့ မြန်ပါတယ်.. အဲဒီမှာ ခဏနေရင် firefox မှာဆိုရင် M အနီလေးပြပြီး netscape မှာဆိုရင်တော့ M အပြာလေးပြပါတယ် အဲဒီမှာလဲ မေးလ်ရဲ့ Inbox ထဲက unread ဘယ်နှစ်စောင့်ရှိလဲပြပါလိမ့်မယ်.. အဲဒိမှာဘယ်သူတွေက ဘာတွေပို့ထားလဲသိချင်ရင်တော့ arrow (pointer) လေးနဲ့ ထောက်ကြည့်လိုက်ပါ ကလစ်ခိုင်းတာမဟုတ်ဘူးနော် ကလစ်ရင်တော့ ကိုယ့်ရဲ့ gmail ပွင့်လာမှာပါ.. မကလစ်ပဲထောက်ကြည့်ရင်တော့ သူဘယ်သူကဘာတွေပို့တယ်ဆိုတာ ပြပါလိမ့်မယ်..အဲဒီလိုပြတာကိုကြည့်ပြီးမှာကိုယ်ဖတ်ချင်တဲ့ ချစ်သူ အဲလေ သူဆီမှ မေးလ်ဝင်လာတယ်ဆိုရင်တော့ အဲဒီအပြာ(သို့) အနီလေးကို ကလစ်ပြီးဖွင့်ကြည့်နိုင်ပါတယ် အနီ(သို့) အပြာဆိုတာကတော့ firefox နဲ့ netscape ဘယ်ဟာသုံးလဲဆိုတာ ကျွန်တော်မသိလို့ပါ firefox မှာအနီ netscape မှာအပြာမို့လို့ပါ.. ကလစ်လိုက်တယ်ဆိုပါစို့ ပွင့်လာပါလိမ့်မယ်.. gmail ကိုဖွင့်တာထက်တော့ မြန်ပါတယ်... ကိုယ့်ရဲ့ Email က နှစ်ခုဆိုရင်တော့ M လေးပါ Right click ကနေ preference ကိုလလစ်ပါ အရင်အတိုင်ပဲ ကိုယ့်ရဲ့ Email နဲ့ password ကိုရိက်ထည့်ပြီး အိုကေပေးလိုက်ပါ... gmail ချည်းပဲ နှစ်ခုဖွင့်ရင်လဲရပါတယ် ကိုယ့်မှာအကောင့်နှစ်ခုရှိရင်ပေါ့.. ကိုယ်ဖွင့်ချင်တဲ့မေးလ်ကိုဖွင့်ဖို့ကတော့ right click ကနေ ကိုယ့်အီးမေးလ် လိပ်စာကို ကလစ်ရင် ပွင့်လာမှာပါ.. Status bar ဆိုတာ Broswer တွေရဲ့အောက်က bar ကိုပြောတာပါ status bar မပေါ်ရင်တော့.. View Menu ကနေ status bar ကိုကလစ်လိုက်ပါ အောက်ခြေမှာ ပေါ်လာပါလိမ့်မယ်... status bar ကိုမသိတဲ့လူလို့မပြောပါဘူးနော်.. မပေါ်ရင်ပြောတာပါ ပညာရှိသတိဖြစ်ခဲ့တဲ့ဗျ စာဖတ်သူတို့ တစ်ခါတစ်လေမှာ မေ့နေရင်ပေါ့... :) :D ထပ်ပြီး Email တွေ အများကြီးဖွင့်ချင်ရင်တော့ Right Click ကနေ Preferences ကနေ Email ကြိုက်သလောက် ထည့်နိုင်ပါတယ် Browser တစ်ခုထဲကနေလဲ gmail (email) တွေ ကြိုက်သလောက်ဖွင့်လို့ရပါတယ်.. ကိုယ်ပြန်တော့မှာမို့အောက်တော့မယ်ဆိုရင်တော့ M လေးပေါ်မှာ right click ကနေ Logout selected account နဲ့ logout all account နှစ်ခုကို ကလစ်လို့ရပါတယ် အောက်ဖို့တော့မမေ့နဲ့နော်.... မေ့ခဲ့လို့ကတော့ နောက်လူတွေက ကိုယ့်မေးလ်တွေကို ခိုးဖတ်ပြီး ကိုယ့်ရဲ့ အကြောင်းတွေသိကုန်မယ်နော.........
အော်မေ့လို့ တစ်ခုလောက် လက်ဆောင်ပြောဥိးမယ် ကိုယ့်ဆီကို message ၀င်ရင် အသံလေးမြည်တယ်ဗျ အဲဒါကိုမှ ကိုယ်ကြိုက်တဲ့အသံထည့်ချင်ရင်တော့ Preferences ကနေ notifications tab ကိုကလစ်လိုက်ပါ Play a specified sound when new mail arrives: ဆိုတဲ့စာလေးရဲ့ ရှေ့က အဖြူလေးထဲမှာ အမှန်ခြစ်လေးဖြည့်ပြီး browse ကနေ ကိုယ်ထည့်ချင်တဲ့အသံလေးထည့်လို့၇တယ်နော် သူက check for new messages every မှာ မိနစ်ထည့်ထားပါ ကိုယကြို့်သလောက်ပေါ့. အဲဒျွိာ မိနစ်ပြည့်တိုင်း မေလ်စစ်ပေးပါလိမ့်မယ် မေးလ် အသစ်ဝင်ရင် ကိုယ်ထည့်တဲ့အသံလေ မြည်မှာဗျ မိုက်တယ်နော် စမ်းသပ်အောင်မြင်ပါစေဗျာ..... ထပ်ရေးပါဦးမယ်..

24 Aug 2009
Syndication